ဆိုင်ကလုန်း ဂီရီ တဲ့၊ မြန်မာလို အနက်အဓိပ္ပါယ်ကတော့ ‘တောင်ကြီး’ ဟု အမည်ရသော အင်အားကြီးမားသည့် ဆိုင်ကလုံး မုန်တိုင်း တခုပေါ့။ ဒီမုန်တိုင်းကြီးဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ တွင် တစ်နာရီ မိုင် ၁၀၀ ၀န်းကျင် (Category 4) ခန့် ဖြင့် ကျောက်ဖြူမြို့ နှင့် မြေပုံ မြို့ ကြားကနေ ရခိုင်ကမ်းရိုးတန်းအား ၀င်ရောက် တိုက်ခတ်သွားခဲ့သည်။ ဂီရိရဲ့ ရက်စက်မှုကို ရင်ဆီး ခံလိုက်ရတဲ့ ကျေုာက်ဖြူနဲ့ မြေပုံ မြို့တွင်မက ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားတဲ့ ရွာပေါင်းများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရလေပြီ။ သြော် ရက်ရက်စက်စက် မညှာမတာ၊ သီတင်းကျွတ်လပြည့်နေ့  မတိုင်ခင်မှာ တိုက်ခဲ့တဲ့ ဂီရိကြောင့် ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာဓလေ့ ရခိုင်ကျင်ပွဲများနဲ့  စည်ကားလေ့ရှိတဲ့ သီတင်းကျွတ် လပြည့်နေ့ ဟာ မုန်တိုင်းဒဏ်တွေကြားမှာ မှုန်းဝါးစွာ ကျန်ခဲ့ရပေတော့သည်။ လူတွေလဲ ဘုရားသွား ကျောင်းတက် ဥပုဂ်ယူရန်လည်း သတိမမူနိုင်ပဲ အခက်ပွေရချေပြီ။
ဂီရိဝင်တော့မယ်ဆိုတဲ့ သတင်းကို နိုင်ငံခြားရောက်နေတဲ့ ကျတော်တို့ က နိုင်ငံတကာ မိုးလေ၀သ website တွေကနေ အချိန်နဲ့  တပြေးညီ ထုတ်ပြန်နေတဲ့ သတင်းများအရ တရစပ် သိနေခဲ့ရတာပါ။ အဲဒီနေ့ မနက်ပိုင်းအထိ မုန်တိုင်းမှာ Category 1 သာရှိပြီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၅၀-၆၀ ခန့် သာ ရှိလိမ့်မယ်လို့  ခန့် မှန်းခဲ့ကြတော့ အမှန်အတိုင်းပြောရရင် သိပ်တော့ စိတ်မပူခဲ့ဘူး။ ရခိုင်လူမျိုးတွေအတွက် တစ်နာရီ မိုင် ၅၀-၆၀ မုန်တိုင်းဆိုတာ ထမင်းစားရေသောက် ဖြစ်နေတာကိုး။
ဒီလို လေတိုက်နှုန်းလောက်တော့ ရခိုင်ကမ်းရိုးတန်း ဒေသတွင်း နှစ်စဉ် မိုးဦး၊ မိုးနှောင်း မုန်တိုင်းရာသီ တွေမှာ တိုက်ခတ်လေ့ရှိနေတာကြောင့်၊ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်တာ၊ ဘေးလွတ်ရာ ကုန်းမြင့်များ၊ ခိုင်ခံ့သော အဆောက်အအုံများသို့  ပြောင်းရွှေ့  တာ လုပ်ရကောင်းမှန်းတောင် မသိပါဘူး။
ရေဒီယိုတွေကလဲ အဆက်မပြတ် သတိပေးနေပေမဲ့ ရခိုင်သားတွေအတွက်တော့ စိုးရိမ်စရာကို မရှိခဲ့တာလေ။ တချို့  တံငါရွာတွေဆို သတင်းတောင်သေချာ မသိခဲ့ရဘူးလို့ ကြားခဲ့ရတယ်။
ညနေဖက်မှ မုန်တိုင်း မထင်မှတ်ဘဲ အားကောင်းပြီး ၀င်လာတော့ လေတွေက တအားကောင်းလာတယ်။ တဝေါဝေါနဲ့  ကြောက်စရာ အသံကြီးတွေ နဲ့  တိုက်ခတ်လာတယ်.အပြင်ကိုကြည့်တော့လဲ ဘာမှ သေချာမမြင်ရတော့ဘူး. ပြေးဖို့  ဆိုတာဝေလာဝေး.အိမ်ထဲမှာပဲ ဘုရားတပြီးနေနေ ကြတဲ့ မိသားစုတွေ ဒုနဲ့ ဒေးဘဲ။ ဂီရိကတော့ အငြိုးကြီးစွာ ရက်စက်စွာ တိုက်ခတ်နေတုန်းဘဲ..ဟော အနှစ်နှစ်အလလ ရှင်သန်ခဲ့တဲ့ အပင်တွေ ပြိုကျခဲ့ပြီ.. အိမ်ကြီးရခိုင်လို့ နာမည်ကြီးခဲ့တဲ့ အိမ်တွေ အမိုးတွေလန်.. ပြိုကျ မြေခ ကုန်ကြပြီ။ ရေတွေဝင်လာပြီး တမြို့လုံး အလဲလဲ အကွဲကွဲနဲ့  စစ်တလင်းလိုကျန်ခဲ့ရပြီ။ ဘုရားသွား ကျောင်းတက်ရမယ့် သီတင်းကျွတ်လပြည့်နေလေး မှုန်ဝါးဝါးကျန်ခဲ့ရပြီ။ ငိုသူတွေငိုကြ.. ကလေးငိုသံတွေ.. ခပ်သဲ့သဲ့ ရှိုက်သံတွေနဲ့  ပဲ့တင်နေတဲ့ မြို့ကလေးဖြစ်ခဲ့ရပြီ. မနက်ဖြန်ဆိုတာ ဘယ်မှာလဲ..နေစရာ အိမ်ကော ဘယ်မှာလဲ..အဖေ နဲ့ အမေကော ဘယ်မှာလဲဆိုတဲ့ ရင်ထုမနာသံတွေနဲ့  ပူဆွေးနေတဲ့ မြို့ကလေး အဖြစ်ပြောင်းလဲ ခဲ့ရပြီ။
ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့တဲ့ အိမ်တွေ.. ကျွဲနွား တွေ..ပြီးတော့ ငါးဖမ်းလှေတွေ.. အို အကုန်လုံး ပျက်ဆီး ခဲ့ရလေပြီ။ ရင်ထဲမှာလှိုက်ခနဲ ၀မ်းနဲပြီး စဉ်းစားမိသည်။ ငါဒို့ ချစ်တဲ့ ငါဒို့ မြေ..ငါဒို့ ချစ်တဲ့ ငါဒို့ သွေးတွေ.ငါဒို့  ငယ်စဉ်က ပျော်ပါး ဆော့ကစားခဲ့တဲ့ လမ်းကလေးတွေ အရာအားလုံး အဝေးမှာ ကျန်ခဲ့လေပြီ။ အနောက်ဖက် ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသော ပင်လယ်ကမ်းစပ်နားက ရွာလေးတွေကကော? ဘာတွေဖြစ်ကုန်ကြပါလိမ့်.. မြို့ပေါ်မှာတောင် ဒီလောက်ဖြစ်နေခဲ့ရင် ဒီရွာလေးတွေကော.. ရေတွေ လွှမ်းပြီး အရာရာ ပျောက်ကွယ်ခဲ့ရပြီ.. ။ ဂီရိရဲ့ ရက်စက်မှုက ပြင်းထန်လေစွ။ အပြစ်မဲ့ တဲ့ ပြည်သူ၊ပြည်သားတွေ အသက်အိုးအိမ်စည်းစိမ် ပျောက်ဆုံးကာ ဘ၀ပျက်ရလေပြီ.။ ဒီသတင်းတွေကို အင်တာနက်ကနေ ဝေေ၀ဆာဆာဖတ်ခွင့်ကြုံရမှာ မဟုတ်ဘူး။ လမ်းပန်းဆက်သွယ်ရေးက မကောင်း၊ အကူအညီတွေ ထိထိရောက်ရောက်မရနဲ့  ကိုယ့်သောက ကို ရင်ဆီးခံနေတဲ့ အပြစ်မဲ့ လူသားတွေကို ကမ်းလင့်မယ့် လက်တစုံလိုအပ်နေလေပြီ။
အောက်တိုဘာ ၂၄ ရက်နေ့ မှာ ကျတော်တို့  စင်ကာပူရောက်မြန်မာများနဲ့ ကျောက်ဖြူမြို့နယ် အသင်းဝင်တွေကို ဆရာတော်ဦးသုပိယ ဦးဆောင်ပြီးတော့ မဟာမုနိ ဘုန်းတော်ကြီးကျောင်းမှာ အစည်းအဝေးကျင်းပခဲ့တယ်။ ဒုက္ခသည်တွေလိုအပ်နေတဲ့ အစားအစာ၊ အမိုးအကာ၊ ဆေးပစ္စည်းတွေ ကို တတ်နိုင်သလောက် ကူညီကြမယ်ဆိုပြီး
ကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ အကူအညီတွေကို ပေးမယ်လို့  ဆုံးဖြတ်ခဲ့ကြတယ်။ မိမိရဲ့ အမျိုးကို စောင့်သိခြင်းသည် မင်္ဂလာတစ်ပါးဆိုတာ ကိုယ့်ဆွေ ကိုယ့်မျိုး ကိုယ့်သွေးမှ မဟုတ်ပါဘူး။ ကိုယ့်မြန်မာ နိုင်ငံသားတိုင်းကို ကူညီ စောင့်ရှောက်ခြင်းဟာလဲ ကြီးစွာသော မင်္ဂလာ တပါးပါဘဲ။
ဒီဆောင်းပါးလေးနဲ့  အတူ မိမိရဲ့ ချွေးနှဲစာလေးတွေကို ထည့်ဝင်လှူဒါန်းတဲ့ အလှုရှင်တွေ ကို ကျေးဇူးတင် သာဓုခေါ်သလို တက်နိုင်သလောက်လက်ဆင့်ကမ်းသတင်းပေးပြီး အလှုငွေများကို ထည့်ဝင်ကြပါလို့  တိုက်တွန်း မေတ္တာ ရပ်ခံလိုက်ပါတယ်။
သတ္တ၀ါများ ကျန်းမာချမ်းသာကြပါစေ
Cyclone Giri Relief Fund (SINGAPORE)
No comments:
Post a Comment