Tuesday, November 2, 2010

ရခိုင်ရိုးမကိုကျော်၍ ကမ်းသောလက်များ (၂)

‘တောင်ကြီး’ ဟု အနက်ရသော ဆိုင်ကလုန်းမုန်တိုင်း ဂီရီ သည် အောက်တိုဘာလ ၂၂ ရက်နေ့  တွင် ကျောက်ဖြူမြို့ နှင့် မြေပုံ မြို့ ကြားမှ ရခိုင်ကမ်းရိုးတန်းအား ၀င်ရောက် တိုက်ခတ်သွားခဲ့သည်မှာ ၁၀ ရက် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ဂီရိမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ၀န်းကျင်၊ Category 4 ပြင်းအားဖြင့် ကုန်းမြေကို ၀င်ရောက်လာသဖြင့် မုန်တိုင်းဒီရေပါ ပါလာခဲ့သည်။ ထို့ ကြောင့် ပျက်ဆီး ဆုံးရှုံးမှု မှာ ထင်မှတ်သည်ထက် ပိုမိုများပြားခဲ့သည်။

မုန်တိုင်းကြောင့် စုစုပေါင်း လူ ၂၇ ဦး သေဆုံး၊ ၁၅ ဦး ပျောက်ဆုံးပြီး၊ အိမ် ၃၁၂၃ လုံး၊ တံတား ၂ စင်း၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၇၇ လုံး၊ စာသင်ကျောင်း ၁၉ ကျောင်း ပျက်ဆီးခဲ့သည် ဟု ၂၆ ရက်နေ့  ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။ စက်လှေအစင်း ၈၀ ကျော် နစ်မြုပ်ခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။

ယနေ့ (၂-၁၁-၂၀၁၀) ကုလသမဂ္ဂမှ ထုတ်ပြန်သော အစီရင်ခံစာ အရ လူ ၄၅ ဦး သေဆုံး၊ ၁၀ ဦး ပျောက်ဆုံးပြီး၊ ၈၁,၀၀၀ ကျော်ခန့်  အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းသိရသည်။ အိမ် ၁၅,၀၀၀ ကျော်၊ စာသင်ကျောင်း ၄၃၀ ခန့် နှင့် ဆေးရုံ၊ ဆေးပေးခန်း ၅၇ ခု တို့  ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။ ထို့ အပြင် စပါးစိုက်ခင်း ဧက ၄၀,၀၀၀ ကျော်လည်း ပျက်ဆီးသွားသောကြောင့် လာမည့် ၃ လတာ ကာလအတွင်း လူ ၂ သိန်းခန့်  အစာရေစာ အကူအညီ လိုအပ်မည်ဟု UNICEF မှ ပြောရေးဆိုခွင့် ရှိသူ မစ်စ်မာကဒို ကဆိုသည်။

ထိုသို့  အိုးအိမ် စည်းစိမ် ဆုံးရှုံးခဲ့ရသော မုန်တိုင်းဒုက္ခသည်များ အနေဖြင့် မူလ လက်ငုတ်လက်ရင်း အလုပ်အကိုင်များကို ပြန်လည် စတင်ရန်မှာ အချိန်ယူရမည် ဖြစ်သည့်အပြင် လက်ရှိအချိန်တွင် နေ့ စဉ် စားဝတ်နေရေး အတွက်ပင် ခက်ခဲနေမည်မှာ ဧကန်မုချဖြစ်ပါသည်။ ထို့ ကြောင့် ဒုက္ခသည်များ လတ်တလော လိုအပ်နေသော အစားအစာ၊ အမိုးအကာ၊ ဆေးပစ္စည်းများအား ကူညီထောက်ပံ့ ရေးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြပါဟု ကုသိုလ်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။


လေးစားစွာဖြင့်
့်
Cyclone GIRI Relief Fund (SINGAPORE)


POSB Saving account 248-42328-5 သို့ 
တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။ လွှဲပြီးပါက အောက်ပါ အီးမေးများအား အကြောင်းကြားနိုင်ပါသည်။

myomyint.tun08@gmail.com
thant.zw@gmail.com
tunmyint.ytu@gmail.com
aungbomyint@gmail.com

No comments:

Post a Comment