ကျတော်တို့  Cyclone GIRI Relief Fund ကို စတင်ဖွဲ့ စည်းခဲ့သည့် ၂၅-၁၀-၂၀၁၀ နေ့ တွင်းချင်းပင် ကျောက်ဖြူ လေဘေးကယ်ဆယ်ရေးလူငယ်များအဖွဲ့ ထံသို့  အလှူငွေ ၂၅ သိန်း အား ပေးပို့ ခဲ့သည်ကို အစည်းအဝေးမှတ်တမ်း ၁ တွင် ဖော်ပြပြီး ဖြစ်ပါသည်။
ယင်းနောက် အဖွဲ့ ဝင်များသည် မိမိတို့  လက်လှမ်းမီရာ အသီးသီးတွင် တတ်အားသရွေ့  အလှူခံခဲ့ကြ သည်။ တချိန်တည်းမှာပင် အလှူရှင်များအား အလှူငွေများ မည်သို့  စီမံခန့် ခွဲသည်ကို တင်ပြရန်မှာ CGRF ၏ တာဝန်ပင်ဖြစ်ပေသည်။
သို့ ရာတွင် မုန်တိုင်းဒဏ်ခံ ဒေသမှာ ယခင်ကပင် Internet အဆက်အသွယ် ခဲယှဉ်းလှသော ဒေသဖြစ် သည်က တကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ဖုန်း အဆက်အသွယ်များ ခက်ခဲသွားသည်က တကြောင်းတို့  ကြောင့် ကြန့် ကြာခဲ့ရသည်။ ထို့ ပြင် လေဘေးကယ်ဆယ်ရေး အဖွဲ့ ဝင်များသည် မုန်တိုင်းဒုက္ခသည် များအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် တရစပ် လုပ်ဆောင်နေရသောကြောင့် ကျတော်တို့  တောင်းဆိုသော အလှူငွေ စီမံခန့် ခွဲမှုကို ချက်ချင်း မပေးပို့ နိုင်ခဲ့ပေ။ ထို့ ကြောင့် အလှူစာရင်းအား ကာလအတန်ကြာ နောက်ကျမှ ဖော်ပြနိုင်သည်ကို CGRFက အနူးအညွတ် တောင်းပန်အပ်ပါသည်။
ကျောက်ဖြူတွင် ဆန်ပြတ်လတ်သွားသောကြောင့် တောင်ကုတ်မှ ဆန်အိတ် ၁၅၀ တိတိကို ၁ အိတ် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ၀ယ်ယူပြီး ကျောက်ဖြူမြို့ နယ်အတွင်းရှိ ရွာ ၆ ရွာအား အသီးသီးလှူဒါန်းခဲ့သည်။ (အသေးစိတ် စာရင်းရှင်းတမ်း အား အောက်တွင် ဖော်ပြထားပါသည်။)
မုန်တိုင်းဒုက္ခသည်များ ကိုယ်စား အလှူရှင်များအားလုံးကို ကျေးဇူး ဥပကာရ အထူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားအပ်သကဲ့သို့  အလှူငွေများ ကောက်ခံပေးသော CGRF အဖွဲ့ ဝင်များအတွက်လည်း များစွာ ဂုဏ်ယူမိပါသည်။ ကျတော်တို့ ၏ အလှူငွေများကို အလေအလွင့်  မရှိစေရဘဲ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်စရိတ်နှင့် ကိုယ် အပင်ပန်းခံကာ ကူညီပေးနေသော ကျောက်ဖြူလေဘေး ကယ်ဆယ်ရေး လူငယ်များအဖွဲ့ ဝင်များအား လေးစားစွာ ဦးညွတ်အပ်ပါသည်။
စဉ် | ကျေးရွာအမည် | ဝေငှသော ဆန်အိတ် အရေအတွက် | သယ်ပို့ စရိတ် (ကျပ်) |
၁ | အောက်မြဒေးကျွန်း | ၃၀ | ၂၉,၀၀၀ |
| ကတ္တုချိုင် | ၂၀ | ၂၅,၀၀၀ |
| ကျောက်ကြီးပြင် | ၂၅ | ၂၉,၀၀၀ |
| ဂေါ်တူ | ၃၀ | ၃၅,၀၀၀ |
| ရွှေညိုမ | ၂၅ | ၂၅,၀၀၀ |
| ဂြင်ကြီး | ၂၀ | ၃၂,၀၀၀ |
၂ | ဆန်အိတ်ပေါင်း | ၁၅၀ |
|
၃ | တောင်ကုတ်မှ ကျောက်ဖြူသို့ အိတ် ၁၅၀ အတွက် သယ်ယူစရိတ် | ၇၅,၀၀၀ | |
၎ | သယ်ယူစရိတ်ပေါင်း | ၂၅၀,၀၀၀ | |
၅ | ဆန်အိတ်တန်ဖိုး (၁၅၀ x ၁၅၀၀၀) | ၂,၂၅၀,၀၀၀ | |
၆ | စုစုပေါင်း တန်ဖိုး | ၂,၅၀၀,၀၀၀ |
ရှားရှားပါးပါး အလှူပုံလေး တစ်ပုံပို့ လို့ ရသော ကော်နတ်ရှင်အားလည်း ကျေးဇူးတင်ရှိပါကြောင်း
No comments:
Post a Comment