About Us

We are a group of volunteers who come together to provide relief assistance to the victims of Cyclone Giri in Rakhine State, Myanmar, under the guidance of Mahamuni Buddhist Society Sayardaw U Thupiya.

Our group is made up of students and professionals from Myanmar in Singapore including the cyclone effected areas in Rakhine. We have direct contacts with relief groups in cyclone effected areas and are able to provide direct assistance to Cyclone Giri victims.

If you would like to make a donation to the victims of Cyclone Giri in Rakhine, Myanmar, you can directly transfer your fund to our
Cyclone GIRI Relief Fund Joint Account - POSB Saving 248-42328-5.

After transferring the donation, kindly drop a mail to -

myomyint.tun08@gmail.com, thant.zw@gmail.com, aungbomyint@gmail.com,
tunmyint.ytu@gmail.com

If you would like to know more about Cyclone Giri and about us, kindly follow the links below.

- Our Facebook Page
- Minutes of Meeting from Cyclone Giri Relief Efforts Coordination Meeting #1
- ရခိုင်ရိုးမကိုကျော်၍ ကမ်းသောလက်များ (၂)
- Increase in humanitarian assistance needed to respond to Cyclone Giri in Myanmar
- Because of Lack of Media Coverage, NGOs in Myanmar are Facing Difficulty in Fund Rising
- Cyclonic Storm GIRI Situation Report # 6, 05 November 2010

Monday, November 8, 2010

ကုလသမဂ္ဂ OCHA အစီရင်ခံစာ အမှတ် ၆ (၅-နိုဝင်ဘာ-၂၀၁၀)

အဓိက အချက်များ

၁. ၀န်ကြီးချုပ် ဦးသိန်းစိန် သည် နိုဝင်ဘာလ ၄ ရက်နေ့ က (မုန်တိုင်းတိုက်ပြီး ၁၃ ရက်တိတိ ကြာသောအခါ) မုန်တိုင်းဒဏ်ခံ မြေပုံနှင့် ကျောက်ဖြူမြို့ များသို့  သွားရောက်ကြည့်ရှုခဲ့သည်။

၂. ဒေသခံများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အရာရှိများနှင့် အသင်းအဖွဲ့ များသည် အကူအညီပေးရာတွင် စုပေါင်းဆောင်ရွက်သည့် စနစ်ကို စတင်ကျင့်သုံးခဲ့ကြသည်။

၃. အစိုးရ၏ နောက်ဆုံးစာရင်းအရ လူ ၁၀၁,၉၂၃ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်းသိရသည်။

၎. လယ်သမား အိမ်ထောင်စု ၈၆၀၀၀ ပိုင်ဆိုင်သော လယ်ဧက ၄၈၀,၂၂၁ အနက် ၅၁% ပျက်ဆီးဆုံးရှုံးသွားခဲ့သည်။ ပျက်ဆီးသွားသော လယ်ဧကများ၏ ကုန်ထုတ်လုပ်အားမှာ စပါးတန်ချိန် ၁၈၇,၅၆၄ ခန့် ရှိသည်ဟု ကျွမ်းကျင်သူများက ခန့် မှန်းထားသည်။ ငါးလုပ်ငန်းမှာ ကြီးစွာ ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၇၅၀၀ အား စီးပွားရေး ထိခိုက်စေခဲ့သည်။

အခြေအနေသုံးသပ်ချက်

ဝန်ကြီးချုပ် ဦးသိန်းစိန် သည် နိုဝင်ဘာလ ၄ ရက်နေ့ က မုန်တိုင်းဒဏ်ခံ မြေပုံနှင့် ကျောက်ဖြူမြို့  များသို့  သွားရောက် ကြည့်ရှုခဲ့သည်။ အစိုးရ က အနည်းဆုံး လူ ၄၅ ဦး သေဆုံး သို့  မဟုတ် ပျောက်ဆုံး နေသည် ဟု အတည်ပြု ပြောကြားခဲ့သည်။

အိုးမဲ့အိမ်မဲ့  ၁၀၁၉၂၃ ဦး (ယခင် ၇၀၉၇၅ ဦး)

ပြိုကျအိမ် ၂၀၃၈၀ လုံး (ယခင် ၁၅၀၀၀ လုံး)

အကူအညီလိုအပ်သူ လူ ၂၆၀,၀၀၀ ဦး (ယခင် ၂ သိန်း)

အကူအညီ ပေးရေး အေဂျင်စီများ အကြား စုပေါင်းဆောင်ရွက်သည့် စနစ်ကို စတင်ကျင့်သုံးသည်။ ဂဏ္ဍအလိုက် အေဂျင်စီ အချင်းချင်း အစည်းအဝေးများကို ရန်ကုန်တွင် ပုံမှန် ကျင်းပလျက်ရှိသည်။ စစ်တွေတွင် ဂဏ္ဍအလိုက် ဆုံမှတ် ပုဂ္ဂိုလ်များ သတ်မှတ် တာဝန်ပေးထားပြီးဖြစ်သည်။ ထို့ အပြင် ဂဏ္ဍ အလိုက် အကူအညီပေးရေး အဆိုပြုချက်များကို OCHA အထောက်အပံ့ပြုထားသော Central Emergency Response Fund (CERF) သို့  တင်ပြလျက်ရှိသည်။

အကူအညီလိုအပ်ချက်များ

မြေပုံမြို့ ပေါ်တွင် ဒုက္ခသည်စခန်း ၂ ခုသာ ကျန်ရှိပြီး လူ ၇၀၀ ခန့် နေထိုင်လျက်ရှိသည်။ ကျောက်ဖြူတွင် လည်း ဒုက္ခသည် ၇၀၀ ခန့် သာ ယာယီ ဒုက္ခသည် စခန်း ၂ ခုတွင် ခိုလှုံနေကြသည်။ အဆိုပါ ဒုက္ခသည်များ မိမိတို့ နေရပ်သို့  ပြန်လည်ထွက်ခွာလျက် ရှိသည့် အတွက် စုစုပေါင်း အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာဖွယ် ရှိသည်။

ပညာရေး

လာမည့် လများအတွင်း ကျောင်းများ ပြန်လည်တည်ဆောက်ရေးမှာ အဓိက လုပ်ငန်းစဉ်ဖြစ်သည်။ လာမည့် သီတင်းပတ်များအတွင်း ပျက်ဆီးသွားသော စာသင်ကျောင်း စုစုပေါင်း ၃၃၃ ကျောင်းအား အသေးစိပ် ပျက်ဆီးစာရင်း ပြုစုမည် ဖြစ်သည်။ လက်ရှိကာလတွင် ကလေးများ ပညာမသင်ကြားနိုင်မှု ကို နည်းနိုင်သမျှနည်းအောင် ဇောင်းပေးဆောင်ရွက်မည် ဖြစ်သည်။ ဤဂဏ္ဍတွင် ပညာရေးဝန်ကြီးဌာန၊ UNICEF နှင့် Save the Childern (SC) တို့ က အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည် ။

အစာရေစာ

၂၀၁၀ နိုဝင်ဘာလမှ ၂၀၁၁ ဇန်န၀ါရီလအတွင်း လူ ၂ သိန်းအတွက် အစားအသောက် တန်ချိန် ၉၈၇၀ အား ပံ့ပိုးပေးရန် WFP ကစီစဉ်လျက် ရှိသည်။ ယနေ့ အထိ အစားအသောက် တန်ချိန် ၁၄၀၀ ကို ဒေသတွင်းသို့  သယ်ဆောင်ပြီးဖြစ်သည်။ လူ ၇၀၀၀၀ ကျော်အား ထောက်ပံ့ပြီး ဖြစ်သည်။

MSF-H နှင့် Malteser Internationl တို့ က ဒေသတွင်းတွင် ၀ယ်ယူပြီး Action Contre La Faim (ACF) က တာဝန်ယူ ဖြန့် ဖြူးလျက်ရှိသည်။ ပထမအဆင့် အနေဖြင့် မင်းပြားတွင် အိမ်ထောင်စု ၃၀၀၀ အား ဝေငှပြီး ဖြစ်သည်။

SC က မြေပုံ၊ ပေါက်တော နှင့် ကျောက်ဖြူတွင် လူ ၅၀၀၀၀ အား အစာရေစာ တန် ၁၀၀ ကျော် လှူဒါန်းပြီး ဖြစ်သည်။

ကျန်းမာရေး

UNFPA-Myanmar Medical Association (MMA) မှ မြေပုံတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိသည့် အပြင် ကွန်ဒုံး ၁၄၄ ခုအား ဖြန့် ဝေထားသည်။

အာဟာရ

အစာနှင့် ရေသန့် ရှားပါးမှု၊ ရောဂါပိုးမွှားများ တိုးလာမှုနှင့် ကျန်းမာရေး ဆေးပေးခန်းများ ပျက်ဆီးသွားမှုတို့ ကြောင့် ကလေးငယ်များစွာတို့ အား အာဟာရ တိုးအောင် ဆောင်ရွက်ရန် အရေးကြီးလှပေသည်။ ဤဂဏ္ဍတွင် ၅ နှစ်အောက် ကလေးငယ် ၃၀၀၀၀ ကျော်၊ ကိုယ်ဝန်ဆောင် နှင့် မွေးကင်းစ သားသယ်မိခင် ၁၂၀၀၀ ကျော်တို့ အား အာဟာရဖြည့်တင်းပေးရန် လိုအပ်လျက် ရှိသည်။

စိုက်ပျိုးမွေးမြူရေး

လယ်သမား အိမ်ထောင်စု ၈၆၀၀၀ ပိုင်ဆိုင်သော လယ်ဧက ၄၈၀,၂၂၁ အနက် ၅၁% ပျက်ဆီးဆုံးရှုံးသွားခဲ့သည်။ ပျက်ဆီးသွားသော လယ်ဧကများ၏ ကုန်ထုတ်လုပ်အားမှာ စပါးတန်ချိန် ၁၈၇,၅၆၄ ခန့် ရှိသည်ဟု ကျွမ်းကျင်သူများက ခန့် မှန်းထားသည်။ ငါးလုပ်ငန်းမှာ ကြီးစွာ ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၇၅၀၀ အား စီးပွားရေး ထိခိုက်စေခဲ့သည်။

ကျွဲ ၈၁ ကောင်နှင့် နွား ၁၀၆ ကောင် ဆုံးရှုံးခဲ့ပြီး၊ ဒေသတွင်း ကြက်ဝက် မွေးမြူရေးမှာလည်း နာလံပြန်ထူနိုင်ရန် အကူအညီများ လိုအပ်လျက်ရှိသည်။

ရွက်ဖျင်တဲ နှင့် အသုံးအဆောင် ပစ္စည်းများ

မြောက်များစွာသော အိုးအိမ်များ ပြိုကျ ပျက်ဆီးသွားသောကြောင့် ရွက်ဖျင်တဲ လိုအပ်ချက်မှာ ကြီးမားနေဆဲ ဖြစ်သည်။ ပထ၀ီ အနေအထားနှင့် လမ်းပန်းဆက်သွယ်ရေး နိမ့်ကျမှုတို့ ကြောင့် ရွက်ဖျင်တဲ ဖြန့် ဖြူးရာတွင် များစွာ ထိရောက်မှု မရှိချေ။

ရေနှင့် သန့် စင်မှု

လူ ၂ သိန်းခန့် အတွက် လာမည့် လပိုင်းအထိ သန့် ရှင်းသော သုံးရေနှင့် သောက်ရေသန့်  များ လိုအပ်မည်ဖြစ်သည်။ ၎င်းအနက် လူ ၄၀၀၀၀ မှာ လတ်တလော အရေးတကြီး ရေပြတ်လတ် မှုနှင့် ရင်ဆိုင်နေရပေသည်။

ရေတွင်း ရေကန် များ ဆားငန်ရေ၀င်ကာ ပျက်စီးသွားသဖြင့် လူသူရောက်ရန် ခက်ခဲသော ရွာများ မှာ ရေရရန် ခက်ခဲလျက်ရှိသည်။ မိုးရာသီ ကုန်ဆုံးတော့မည် ဖြစ်သဖြင့် ရေအခက်အခဲမှာ ပိုမိုဆိုးရွားလာပေလိမ့်မည်။

MRCS/ FIRC က ကျောက်ဖြူ အထက်တန်းကျောင်းတွင် ရေသန့် စင်စက် တပ်ဆင်ပြီး ပေးဝေလျက်ရှိပြီး မြေပုံတွင် တပ်ဆင်ဆဲ ဖြစ်သည်။

အလှူငွေ

ဂီရိ ဒုက္ခသည်များအတွက် သြစတေးလျ အစိုးရမှ AUD ၂၀၀,၀၀၀ အား နိုင်ငံတကာ ကြက်ခြေနီ အသင်းအား လှူဒါန်းကြောင်း သိရသည်။


ဝန်ခံချက်၊ အောက်ပါအစီရင်ခံစာမှ ကောက်နှုတ်ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်

source: http://www.reliefweb.int/rw/RWFiles2010.nsf/FilesByRWDocUnidFilename/JALR-8AWJJP-full_report.pdf/$File/full_report.pdf

No comments:

Post a Comment