About Us

We are a group of volunteers who come together to provide relief assistance to the victims of Cyclone Giri in Rakhine State, Myanmar, under the guidance of Mahamuni Buddhist Society Sayardaw U Thupiya.

Our group is made up of students and professionals from Myanmar in Singapore including the cyclone effected areas in Rakhine. We have direct contacts with relief groups in cyclone effected areas and are able to provide direct assistance to Cyclone Giri victims.

If you would like to make a donation to the victims of Cyclone Giri in Rakhine, Myanmar, you can directly transfer your fund to our
Cyclone GIRI Relief Fund Joint Account - POSB Saving 248-42328-5.

After transferring the donation, kindly drop a mail to -

myomyint.tun08@gmail.com, thant.zw@gmail.com, aungbomyint@gmail.com,
tunmyint.ytu@gmail.com

If you would like to know more about Cyclone Giri and about us, kindly follow the links below.

- Our Facebook Page
- Minutes of Meeting from Cyclone Giri Relief Efforts Coordination Meeting #1
- ရခိုင်ရိုးမကိုကျော်၍ ကမ်းသောလက်များ (၂)
- Increase in humanitarian assistance needed to respond to Cyclone Giri in Myanmar
- Because of Lack of Media Coverage, NGOs in Myanmar are Facing Difficulty in Fund Rising
- Cyclonic Storm GIRI Situation Report # 6, 05 November 2010

Saturday, November 6, 2010

ကုလသမဂ္ဂ OCHA အစီရင်ခံစာ အမှတ် ၅ (၂-နိုဝင်ဘာ-၂၀၁၀)

Source: http://ochaonline.un.org/

အဓိက အချက်များ

၁. ပြည်တွင်းပြည်ပ လူမှုရေးအသင်းများသည် လူနေအထူထပ်ဆုံး မုန်တိုင်းဒဏ်ခံ ဒေသများ ဖြစ်သည့် မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ နှင့် မင်းပြားမြို့ နယ်များတွင် အရေးပေါ် အကူအညီများ ပေးလျက်ရှိပြီး ပျက်ဆီးဆုံးရှုံးမှု စာရင်း အတိအကျရရန် စာရင်းကောက်ယူဆဲဖြစ်သည်။ အစားအစာ၊ ရွက်ဖျင်တဲ၊ သောက်ရေသန့်  နှင့် ကျန်းမာရေး စောင့်ရှောက်မှုမှာ အရေးအကြီးဆုံး လိုအပ်ချက်များ ဖြစ်သည်။
၂. ငါး၊ပုဇွန် မွေးမြူရေးကန် ဧက ၅၀,၀၀၀ ခန့် နှင့် မြောက်များစွာသော ငါးဖမ်း စက်လှေများ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။
၃. WFT ဆန်တန်ချိန် ၆၄၀ အား အထက်ပါ ၄ မြို့ နယ်ရှိ ဒုက္ခသည်များအား ဖြန့် ဝေပြီးဖြစ်သည်။ အစားအသောက် တန်ချိန် ၆၀၀ ကျော်ကို ရန်ကုန်မှ အထက်ပါဒေသသို့  တင်ပို့ ပြီးဖြစ်သည်။
၎. အစိုးရမှထုတ်ပြန်သော အပျက်အဆီး ဆုံးရှုံးမှု သတင်းများအရ ကန်ဒေါ်လာ ၁၈ သန်း ခန့်  ဆုံးရှုံးခဲ့သည်။ စာသင်ကျောင်း ၃၅၀ ကျော် (စစ်တွေခရိုင်တွင် ၃၀၀ ခန့် ၊ ကျောက်ဖြူခရိုင်တွင် ၅၀ ကျော်) ပျက်ဆီးခဲ့ပြီး တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၁,၂၆၁ သန်း (ကန်ဒေါ်လာ ၁.၂ သန်း) နှင့် ညီမျှသည်။

အခြေအနေသုံးသပ်ချက်

အောက်တိုဘာလ ၂၂ ရက်နေ့ တွင် category 4 ပြင်းအားဖြင့် ရခိုင်ပြည်နယ်အား ၀င်ရောက် တိုက်ခတ်သွားသော ဆိုင်ကလုံးမုန်တိုင်း ဂီရိ သည် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား နှင့် ပေါက်တောမြို့ များ အား ဖြတ်သန်းသွားပြီး နေအိမ်နှင့် လမ်းတံတား မြောက်များစွာကို ဖျက်ဆီးပစ်ခဲ့သည်။ ရခိုင်ကမ်းရိုးတန်း အပြင် မကွေးတိုင်းတွင်လည်း အပျက်အဆီးများ ရှိခဲ့သည်။
အစိုးရသည် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ နှင့် ပူးပေါင်းကာ ကမ်းခြေသို့ မုန်တိုင်း မ၀င်ရောက်မှီကပင် လူထုအား မုန်တိုင်းသတိပေး ကြေငြာချက်များထုတ်ပြန်ခြင်း၊ ဘေးလွတ်ရာသို့  ရွှေ့ ပြောင်းခြင်းများ အား ဆောင်ရွက်ခဲ့သည်။ ထို့ အပြင် အမျိုးသား သဘာဝဘေးအန္ဓရာယ် ကြိုတင်ကာကွယ်ရေး အဖွဲ့ အား ချက်ချင်း လှုပ်ရှားစေခဲ့သည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန သည်လည်း နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ကူညီကယ်ဆယ်ရေး အဖွဲ့ များနှင့် အဆက်မပြတ် ထိတွေ့ ကာ အကူအညီများကို ကြိုဆို လက်ခံခဲ့သည်။
ပြည်တွင်း၊ ပြည်ပ NGO များ၊ ကြက်ခြေနီ နှင့် ကုလသမဂ္ဂ အဖွဲ့ များသည် ဒေသခံ အာဏာပိုင်များနှင့် ပူးပေါင်း၍ ပျက်ဆီး ဆုံးရှုံးမှုစာရင်းများ ကို ကောက်ယူခဲ့သည်။ လူ ၄၅ ဦး သေဆုံးပြီး ၇၀,၉၇၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ အိမ် ၁၅,၀၀၀ ခန့်  လုံးဝ ပြိုသွား၍ လူ ၂ သိန်းခန့်  အကူအညီ လိုအပ် နေသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ စိုက်ပျိုးမြေ ဧက ၁၇,၅၀၀ ခန့်  လည်း ပျက်ဆီးသွားခဲ့သည်ဟု သိရသည်။ လမ်းတံတားများ ပြိုကျပျက်ဆီးမှုကြောင့် လမ်းပန်း ဆက်သွယ်ရေးမှာ အကူအညီ ပေးရေး အဖွဲ့  များ အတွက် ကြီးစွာသော စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။

အကူအညီလိုအပ်ချက်များ

လူမှုရေးအဖွဲ့ ပေါင်းစုံတို့ သည် အကူအညီပေးရေး လုပ်ငန်းများနှင့် ပျက်ဆီးဆုံးရှုံးမှုစာရင်းနှင့် ဒုက္ခသည်တို့ ၏ လိုအပ်ချက်များစာရင်းကောက်ယူမှုတို့ ကို တပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြသည်။ ကနဦးတွေ့ ရှိချက်များအား ကဏ္ဍအလိုက် ပြုစုခဲ့ကြသည်။ အထောက်အပံ့များ အား မုန်တိုင်းဒဏ်ခံ ဒေသများသို့  အစွမ်းကုန်ပေးပို့ နေသော်ငြားလည်း စစ်တမ်းများအရ အချို့ သော ရွာများမှာ အကူအညီနှင့် အထောက်အပံ့ လုံးဝ မရရှိသေးကြောင်း တွေ့ ရှိရသည်။ အစားအစာ၊ ရွက်ဖျင်တဲ၊ ရေသန့် နှင့် ကျန်းမာရေး စောင့်ရှောက်မှုမှာ အဓိက အကျဆုံး လိုအပ်ချက်အဖြစ် ရှိနေဆဲဖြစ်သည်။
ကျောက်ဖြူမြို့ တွင် ဒုက္ခသည်စခန်း ၁၈ ခု ( ခန့် မှန်း လူဦးရေ ၆,၆၀၀) မှ ၅ ခု (ခန့် မှန်း လူဦးရေ ၃,၃၅၉) သို့  လျော့နည်းသွားခဲ့သည်။
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကလည်း နိုင်ငံတ၀ှမ်းမှ ကျွမ်းကျင် လုပ်အားပေး ၆၀၀ ကျော် အားဖြည့်ကာ ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။
Contingency Planning Working Group (CPWG) လက်အောက်ခံ ပြည်တွင်း NGO များသည် အလှူငွေ ကောက်ခံရေး ကို အကူအညီပေးရေးနှင့် တွဲလျက် ဆောင်ရွက်လျက်ရှိသည်။ ဒေသခံ အာဏာပိုင်များမှ CPWG အတွက် ကုန်သိုလှောင်ရန် သိုလှောင်ရုံ ၄ လုံး ထောက်ပံ့ပေးထားသည်။

ပညာရေး
 
တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၁,၂၆၁ သန်း (ကန်ဒေါ်လာ ၁.၂ သန်း) နှင့် ညီမျှသော စာသင်ကျောင်း ၃၅၀ ကျော် (စစ်တွေခရိုင်တွင် ၃၀၀ ခန့် ၊ ကျောက်ဖြူခရိုင်တွင် ၅၀ ကျော်) ပျက်ဆီး ခဲ့သည် ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနက မြေပုံမြို့ နယ်တွင် တာဝန်ခံ အရာရှိ တစ်ဦး ခန့် အပ်ကာ UNICEF နှင့် ပူးပေါင်း၍ အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ မြေပုံ၊ ကျောက်ဖြူ နှင့် ပေါက်တောမြို့ များတွင် စာသင်ကျောင်း ပေါင်း ၁၀၀ ကျော် ပြန်လည်တည်ဆောက်ရန် ဘတ်ဂျက် အတည်ပြုခဲ့ပြီး၊ အောက်ပါ ပညာရေးဆိုင်ရာ ပြန်လည်တည်ဆောက်ရေးအတွက်လည်း အကူအညီ တောင်းခံလျက်ရှိသည်။
၁. ယာယီ စာသင်ကျောင်း ၁၅၀ ကျောင်း
၂. ကျောက်သင်ပုန်းကြီး ၁၀၀၀
၃. ကျောင်းသား ၁၀,၀၀၀ အတွက် ပလတ်စတစ် ပရိဘောဂများ
ယခု သီတင်းပတ်တွင် မြေပုံမြို့ နယ်အတွင်း ပညာရေးဆိုင်ရာ ပျက်ဆီးမှု အသေးစိပ်သုံးသပ်ချက်ကို ပညာရေးဝန်ကြီးဌာန၊ UNICEF ၊ KMSS နှင့် မင်္ဂလာမြန်မာ အဖွဲ့ တို့  ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး၊ ကျောက်ဖြူနှင့် ပေါက်တောမြို့ အတွက်မူ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် စတင်မည်ဖြစ်သည်။
Save the Children အဖွဲ့ သည် အိမ်သာနှင့် ရေတိုင်ကီများ ပါဝင်သော semi-permanent စာသင် ကျောင်း ၈၀ ကို မြေပုံ၊ ကျောက်ဖြူ နှင့် ပေါက်တောမြို့ များတွင် တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ ထို့  ပြင် ကလေး ၈၀,၀၀၀ ကျော်အတွက် ယာယီကလေးကစားကွင်း များတည်ဆောက်ပေးရန်၊ ပညာရေး၊ သတင်း နှင့် ဆက်သွယ်ရေး သင်ထောက်ကူ ပစ္စည်း များ ပံ့ပိုးရန်နှင့် သင်တန်းပေးရန် ရည်ရွယ်ထားသည်။

အစာရေစာ

လာမည့် ၃ လတာအတွင်း လူ ၂ သိန်း အတွက် အစာရေစာ ထောက်ပံ့မှု လိုအပ်မည်ဟု အကူအညီ ပေးရေ အေဂျင်စီများက ခန့် မှန်းထားသည်။
World Food Program (WPF) ကလည်း စစ်တွေမြို့  ရှိ ဒေသရုံးချုပ်အပြင် မြေပုံ၊ ကျောက်ဖြူနှင့် ပေါက်တောမြို့ များတွင် လုပ်ငန်းများ တိုးချဲ့ လျက်ရှိသည်။ ၄င်း၏၀န်ထမ်းများသည် အဆိုပါ ဒေသများတွင် ဆက်သွယ်ရေးကိရိယာများနှင့် အခြေပြုကာ သိုလှောင်ရုံများ စတင် အခြေတည်နေကြသည်။ အစိုးရ မှလည်း WFP အား ဒုက္ခသည်များအား လှူဒါန်းရန် ဒေသတွင်း အစားအသောက် ၀ယ်ယူခွင့်ပြုပေး ထားသည်။ အ၀ယ်တော် တစ်ဦးသည် စစ်တွေ တွင် အခြေပြုကာ ဒေသခံ အာဏာပိုင်များ၏ အကူအညီနှင့် လိုအပ်သည်များကို ၀ယ်ယူလျက်ရှိသည်။
လက်ရှိအချိန်အထိ ဆန်တန်ချိန် ၆၄၀ အား လေဘေးဒဏ်ခံ ၄ မြို့ နယ်ရှိ ဒုက္ခသည်များအား ဖြန့်  ဝေပြီးဖြစ်သည်။ ၄င်းပြင် အစားအသောက် တန်ချိန် ၆၀၀ ကျော်ကို ရန်ကုန်မှ အထက်ပါဒေသသို့  တင်ပို့  ပြီးဖြစ်သည်။
နိုင်ငံတကာကြက်ခြေနီအသင်းသည် မြေပုံမြို့ တောင်စဉ်တန်း ရွာတွင် အကူအညီပေးရေး လုပ်ငန်းများ ဆောက်ရွက်လျက်ရှိသည်။ နိုဝင်ဘာ ၃ ရက်နေ့ မှ စတင်ကာ မုန်တိုင်းဒဏ်ခံ မိသားစု ၁၀၀၀ ခန့် အား အကူအညီ ဖြန့် ဝေပေးမည်ဖြစ်သည်။ အဆိုပါဒေသ၏ အရေးပေါ် အကူအညီ လိုအပ်ချက်များကိုလည်း စာရင်းပြုစုမည် ဖြစ်သည်။
CPWG လက်အောက်ခံ ပြည်တွင်းအဖွဲ့ အသီးသီးကလည်း ကျောက်ဖြူနှင့် မြေပုံမြို့ များတွင် အစား အသောက် များ ဖြန့် ဝေပေးလျက်ရှိသည်။

ကျန်းမာရေးနှင့် အာဟာရ

UNICEF က အရေးပေါ် ကျန်းမာရေး ဆေးသေတ္တာ ၆၀ အား ကျန်းမာရေးဝန်ကြီးဌာနသို့  လှူဒါန်းထားပြီး မုန်တိုင်းဒဏ်ခံဒေသတွင် ကျန်းမာရေး အရာရှိ ၅ ဦး နှင့် စစ်တွေတွင် ၅ ဦး အသီးသီး တာဝန်ချထားသည်။ EPI Plus (Expand Program on Immunization) အဖွဲ့ ကလည်း လာမည့် ၃ လအတွင်း ကာကွယ် ဆေးထိုးရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ပြီး၊ ငှက်ဖျားကာကွယ်ရေးအတွက် Insecticide-treated Nets (ITNs) များဝယ်ယူ ဖြန့် ဖြူးပေးမည်ဖြစ်သည်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးကလည်း အရေးပေါ် ကျန်းမာရေး အစောင့်အရှောက်များပေးနေသည့် အပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဒေသတွင်း ကူးစက်ရောဂါ စောင့်ကြည့်မည့် အစီအစဉ်များကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည်။
International Organization for Migrastion (IOM) ကလည်း ဒေသခံ အာဏာပိုင်များ၏ အကူအညီတောင်းခံမှုအရ ပေါက်တောမြို့ နယ် အရှေ့ ဖရုံကာ ကျွန်းရှိ အဆိုးရွားဆုံး မုန်တိုင်းဒဏ်ခံ ဒေသများသို့  ရွေ့ လျား ကျန်းမာရေး အဖွဲ့  ၂ ဖွဲ့ စေလွှတ်ရန် စီစဉ်လျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေး

အစိုးရ ထုတ်ပြန်ချက်အရ ငါးဖမ်းစက်လှေ ၆၀၀ ခန့် နှင့် ပိုက် ၉၀၀ ခန့်  ပျောက်ဆုံး ပျက်ဆီးသွားပြီး၊ မြေပုံ၊ ကျောက်ဖြူနှင့် အမ်းမြို့ နယ်များတွင် ဆန်စပါး စိုက်ဧက ၃၉,၀၀၀ ကျော် ပျက်ဆီးသွားသည်ဟု သိရသည်။ အခြားဒေသများမှာ အပျက်အဆီးများမှာ စာရင်းကောက်ယူဆဲ ဖြစ်သည်။ ကျွဲနွား ၅၀၀ ခန့် သေကြေပျောက်ဆုံးခဲ့ရသည်။ မုန်တိုင်းမှာ စပါးရိတ်သိမ်းခါနီး အချိန်တွင် ၀င်ရောက် တိုက်ခတ် သွားသောကြောင့် ယခုနှစ် ဆန်စပါး အထွက်နှုန်းကို ကြီးစွာ ထိခိုက်မည့်အပြင် နောင်နှစ် စိုက်ပျိုးချိန်တွင် မျိုးစပါးရှားပါးမှုနှင့် ကြုံတွေ့ နိုင်ကြောင်း Food and Agriculture Organization (FAO) ကသုံးသပ်ထားသည်။
မြေပုံ၊ ပေါက်တော၊ အမ်း၊ စစ်တွေ၊ မင်းပြား နှင့် ကျောက်ဖြူမြို့ များတွင် ငါး၊ပုဇွန် မွေးမြူရေးကန် ဧက ၅၀,၀၀၀ ခန့် နှင့် မြောက်များစွာသော ငါးဖမ်း စက်လှေများ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု FAO က သတင်းထုတ်ပြန်ခဲ့သည်။

ကယ်ဆယ်ရေးပစ္စည်း ပို့ ဆောင်ရေး

WFP စစ်တွေ ရုံးချုပ်က ကယ်ဆယ်ရေးပစ္စည်း ပို့ ဆောင်ရေး ကို ပံ့ပိုးပေးလျက်ရှိသည်။

ရွက်ဖျင်တဲ နှင့် အသုံးအဆောင် ပစ္စည်းများ

အနည်းဆုံး အိမ် ၁၅,၀၀၀ အလုံးစုံ ပြိုသွားပြီး၊ ၅၆,၆၄၃ လုံး ပျက်ဆီးခဲ့ ကာ လူ ၇၀,၉၇၅ ဦး အိုးမဲ့အိမ်မဲ့  ဖြစ်ခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
Emergency Shelter coordination group မှ တာပေါ်လင်နှင့် အသုံးအဆောင်ပစ္စည်းများကို ဒုက္ခသည်များအား စနစ်တကျ ဖြန့် ဖြူးပေးလျက်ရှိသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှလည်း ပေါက်တောမြို့ နယ် ဗျိုင်းသိုက် နှင့် ဖဒူ ရွာတို့ မှ ဒုက္ခသည်များကို စောင်၊ ပလတ်စတစ်အခင်းနှင့် အ၀တ်အစားများ လှူဒန်းလျက်ရှိသည်။
MRCS/ IFRC မှလည်း ကျောက်ဖြူနှင့် မြေပုံတွင် မိသားစု ၁၅၈၈ စာ အသုံးအဆောင်များ ဖြန့် ဖြူး ပေးခဲ့ပြီး၊ နောက်ထပ် အစုံ ၁၅၀၀ အား ရက်အနည်းငယ်အတွင်း ထပ်မံ ဝေငှပေးမည် ဖြစ်ကာ စုစုပေါင်း အစုံ ၁၀၀၀၀ ကျော် ကို ၄ မြို့ နယ်အတွင်း လှူဒါန်းမည်ဟု သိရသည်။
Malteser Internationl မှလည်း မြေပုံတွင် အိမ်ထောင်စု ၁၁၀၀ စာ ရွက်ဖျင်တဲ နှင့် အသုံးအဆောင်များ လှူဒါန်းရန် စီစဉ်လျက်ရှိသည်။
Action Contre La Faim (ACF) မှ အိမ်ထောင်စု ၃၀၀၀ စာ ရွက်ဖျင်တဲ ၊ အသုံးအဆောင်များ နှင့် ၂ ပတ်စာ အစားအသောက်များကို မြေပုံနှင့် မင်းပြားတွင် ဖြန့် ဖြူးရန် ရည်မှန်းထားသည်။ စုစုပေါင်း အိမ်ထောင်စု ၁၀၀၀၀ စာ ရွက်ဖျင်တဲနှင့် အစားအသောက်များကို ၃ လအတွင်း ဝေငှသွားရန် စီစဉ် လျက်ရှိသည်။
စွန်ရဲ ဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်းမှ မြေပုံနှင့် မင်းပြားတွင် ရွက်ဖျင်တဲအပြင် တာပေါ်လင်၊ ခြင်ထောင် နှင့် စောင်များအား လှူဒါန်းဖြန့် ဝေလျက်ရှိသည်။
IOM မှလည်း တာပေါ်လင်များ ပို့ ပြီးဖြစ်သည်။

ရေနှင့် သန့် စင်မှု

ဆားငံရေ၀င်ရောက်မှုကြောင့် ပျက်ဆီးသွားသော သောက်သုံးရေကန်များ ပြင်ဆင်ရန် နှင့် ရေသိုလှောင်ရန် ပုံးများ အရေးပေါ်လိုအပ်လျက်ရှိဆဲ ဖြစ်သည်။
UNICEF မှ ရေပုံးနှင့် ရေသန့် စက်များအား ဖြန့် ဖြူးပေးလျက်ရှိသည်။
Save the Childern မှ ရေသန့် ဖြန့် ဖြူးပေးခြင်း၊ ရေတွင်း ရေကန် သန့် စင်ခြင်း၊ အရေးပေါ် အိမ်သာ တည်ဆောက်ခြင်း၊ ရေသန့် စက်နှင့် ရေဗူးများ ဖြန့် ဖြူးပေးခြင်းတို့ ကို ဆောင်ရွက်လျက်ရှိသည်။
MRCS ကလည်း hygiene မြှင့်တင်ရေးနှင့် သောက်ရေသန့် ရရှိနိုင်ရေးကို အလေးပေး ဆောင်ရွက် လျက်ရှိသည်။
၎င်းပြင် ရေရရှိနိုင်သော အခြားနည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

အလှူငွေ

DFID က အရေးပေါ်အကူအညီအတွက် စတာလင်ပေါင် ၄၇၀၀၀၀ လှူဒါန်းမည်ဟု ကြေငြာခဲ့သည်။

No comments:

Post a Comment